
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ဝန်ထမ်းများနှင့် တွေ့ဆုံဆွေးနွေးပွဲကျင်းပ (၁၄-၂-၂၀၂၅ ရက်၊ နေပြည်တော်)
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ သည် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဝန်ထမ်းများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ၁၄-၂-၂၀၂၅ ရက် (သောကြာနေ့)၊ နံနက် (၁၀:၃၀) နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန (နေပြည်တော်) ရှိ လောကနတ်ခန်းမ၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဦးလွင်ဦး နှင့် ဦးကိုကိုကျော်၊ သံအမတ်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဦးစီးဌာန အသီးသီးမှ အရာထမ်းများ တက်ရောက်ခဲ့ကြသည်။
ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံခြား ရေးဝန်ကြီးဌာန ဝန်ထမ်းများသည် ကမ္ဘာ့နိုင်ငံများနှင့် ဆက်ဆံရေး ပိုမိုတိုးတက်ကောင်းမွန် စေရန်၊ နိုင်ငံစုံအဖွဲ့အစည်းများအကြား နိုင်ငံ့ပုံရိပ်မြှင့်တင်နိုင်ရန်နှင့် နိုင်ငံတော်နှင့် နိုင်ငံသားများ ၏အကျိုးကို ကာကွယ်စောင့်ရှောက်ရန်စသည့် လုပ်ငန်းများဆောင်ရွက်ရာတွင် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်နေကြောင်း၊ လုပ်ငန်းများအောင်မြင်စေရန်အတွက် ဝန်ထမ်းတစ်ဦးချင်းစီ၏ အရည်အသွေးကို စဉ်ဆက်မပြတ် မြှင့်တင်ရန်လိုအပ်သကဲ့သို့ ကောင်းမွန်ပျော်ရွှင်သည့် လုပ်ငန်း ခွင်တစ်ခု ဖန်တီးနိုင်ရန် လိုအပ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် သစ္စာရှိမှု၊ တာဝန်သိမှုတို့ဖြင့် လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရန်လိုအပ်ပြီး ဝန်ထမ်းကျင့်ဝတ်အတိုင်း လိုက်နာဆောင်ရွက် ကြရမည်ဖြစ်ကြောင်း၊ ယခုတွေ့ဆုံပွဲ၌ ဝန်ထမ်းများ လုပ်ငန်းတာဝန်ထမ်းဆောင်ရာတွင် ကြုံတွေ့ လျက်ရှိသည့် အခက်အခဲများ၊ သက်ဆိုင်ရာဌာနအလိုက် လုပ်ငန်းများပိုမိုကောင်းမွန်စေရန် ပြုပြင်ပြောင်းလဲသင့်သည့် အချက်များ၊ ဌာနအတွင်း သတ်မှတ်ထားသည့် ဝန်ထမ်းရေးရာနှင့် စည်းကမ်းပိုင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများနှင့် ညွှန်ကြားချက်များ အနက်မှ ပြန်လည်သုံးသပ်ရန် လိုအပ်မည်ဟု ယူဆသည့်အချက်များ၊ ဝန်ထမ်းများ၏ အရည် အသွေး တိုးတက်လာစေရန် ဝန်ကြီးဌာနမှ လုပ်ဆောင်ပေးသင့်သည့် အချက်များကို အကြံပြု တင်ပြနိုင်ကြောင်း၊ ပြည်တွင်း/ ပြည်ပ တာဝန်ထမ်းဆောင်ရာမှ ရရှိလာသည့် အတွေ့အကြုံများ ကိုလည်း မျှဝေနိုင်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် တင်ပြလိုသည်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးတင်ပြနိုင်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် ဝန်ထမ်းများက ဌာနအလိုက် လုပ်ငန်းလိုအပ်ချက်များနှင့် အကြံပြုချက်များကို တင်ပြခဲ့ကြပါသည်။ ဝန်ထမ်းများ၏ တင်ပြချက်များနှင့်စပ်လျဉ်း၍ ဒုတိယ ဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မည့် အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပြီး နိဂုံးချုပ်စကားပြောကြားကာ အခမ်းအနားကို (၁၃:၂၀) နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။
Contact Us
Address
2805/2806, World Financial Center, No.188 Minzu Road, Yuzhong District, Chongqing.
Phone
(86) (023) 86562808, 86562779
Fax
(86)(023)86562887