တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထူထောင်ခြင်း (၇၆) နှစ်မြောက် အထိမ်းအမှတ်အခမ်းအနားသို့ မြန်မာကောင်စစ်ဝန်ချုပ်တက်ရောက်
(၂၆-၉-၂၀၂၅၊ ချုံချင့်)
မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချုံချင့်မြို့မှ ကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းသည် ချုံချင့်မြူနီစီပယ်အစိုးရ နိုင်ငံခြားရေးရာဌာန၏ ဖိတ်ကြားချက်အရ ၂၆-၉-၂၀၂၅ ရက်၊ ၁၈:၀၀ နာရီတွင် ချုံချင့်နိုင်ငံခြားရေးရာဌာန၌ ကျင်းပပြုလုပ်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထူထောင်ခြင်း (၇၆) နှစ်မြောက် အထိမ်းအမှတ် အခမ်းအနားသို့ ပါဝင်တက်ရောက်ခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ ချုံချင့်ကော်မတီ၏ ဒုတိယအတွင်းရေးမှူးနှင့် ချုံချင့်မြို့တော်ဝန် Mr. Hu Henghua က အထူးဧည့်သည်တော် အဖြစ်တက်ရောက်ခဲ့ပြီး ချုံချင့်မြို့နှင့် ချန်ဒူးမြို့ အခြေစိုက် ကောင်စစ်ဝန်ချုပ်ရုံးများမှ ကောင်စစ်ဝန်ချုပ်များနှင့် ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
Consul General U Kyaw Zay Yar Lin attends the celebration of the 76th Anniversary of the Founding of the People’s Republic of China
(26-9-2025, Chongqing)
U Kyaw Zay Yar Lin, Consul General of the Republic of the Union of Myanmar in Chongqing, attended the reception marking the 76th Anniversary of the Founding of the People’s Republic of China, held on 26 September 2025 at the Foreign Affairs Office of the Chongqing Municipal People’s Government.
Mr. Hu Henghua, Deputy Secretary of the CPC Chongqing Municipal Committee and Mayor of Chongqing, attended as Chief Guest. Consuls General and representatives from Consulates General in Chongqing and Chengdu, together with other invited guests, were also present.
Contact Us
Address
2805/2806, World Financial Center, No.188 Minzu Road, Yuzhong District, Chongqing.
Phone
(86) (023) 86562808, 86562779
Fax
(86)(023)86562887



