ချုံချင့်မြို့ မြန်မာကောင်စစ်ဝန်ချုပ်သည် ဟူပေပြည်နယ်နှင့် ဝူဟန်မြို့ အစိုးရဌာန များမှ ဌာနအကြီးအကဲများနှင့်တွေ့ဆုံ၍ နှစ်ဖက်ပူးပေါင်းဆောင်ရွက်ရေးကိစ္စများ ဆွေးနွေးခဲ့ခြင်း

(၂၂-၁၁-၂၀၂၅ ရက်၊ ချုံချင့်)

ချုံချင့်မြို့၊မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်း သည် ဟူပေပြည်နယ်၊ ဝူဟန်မြို့တွင် ကျင်းပပြုလုပ်သည့် 2025 Wuhan (Hankoubei) Commodities Fair အခမ်းအနားသို့ တက်ရောက်ရန် ၁၈-၁၁-၂၀၂၅ ရက်မှ ၂၁-၁၁-၂၀၂၅ ရက်ထိ ဝူဟန်မြို့သို့ သွားရောက်ခဲ့ပါသည်။ ခရီးစဉ်အတွင်း ကောင်စစ်ဝန်ချုပ်သည် ဟူပေပြည်နယ် ပညာရေးဌာန၊ ပြည်သူ့လုံခြုံရေးဌာန၊ စီးပွားရေးဌာန၊ ဝူဟန်မြို့ နိုင်ငံခြားရေးရာဌာနတို့မှ တာဝန်ရှိသူများနှင့် သီးခြားစီ တွေ့ဆုံ၍ မြန်မာနိုင်ငံနှင့် ဟူပေပြည်နယ်အကြား ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့် နိုင်ရေး အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။
ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ကောင်စစ်ဝန်ချုပ်သည် မြန်မာနိုင်ငံနှင့် ဟူပေ ပြည်နယ်အကြား ပညာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်နိုင် ရေး၊ မြန်မာနိုင်ငံနှင့် ဟူပေပြည်နယ်အကြား ပညာရေးဆိုင်ရာ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးနိုင်ရေး ၊ မြန်မာနိုင်ငံနှင့် ဟူပေပြည်နယ်အကြား စီးပွားရေးနှင့် ကုန်သွယ်ရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့် လုပ်ဆောင်နိုင်ရေး၊ မြန်မာ နိုင်ငံမှ ဟူပေပြည်နယ်သို့ အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေကြသူများအား နိုင်ငံ သား စိစစ်ခြင်းကိစ္စရပ်များ၊ ဖမ်းဆီးထိန်းသိမ်းခံထားရသူများအား ဟူပေပြည်နယ် သက်ဆိုင်ရာ ပြည်သူ့လုံခြုံရေးဌာနများမှ လူသားချင်း စာနာထောက်ထားမှု အကူ အညီများ ပံ့ပိုးပေးနိုင်ရေးကိစ္စရပ်နှင့် နေရပ်သို့ ပြန်လည်ပို့ဆောင်ခြင်း ကိစ္စရပ်များ၊ မြန်မာနိုင်ငံနှင့် ဝူဟန်မြို့အကြား စီးပွားရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ယဉ် ကျေးမှုဖလှယ်ရေး၊ ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် နှစ်ဖက် ပူးပေါင်း ဆောင်ရွက်နိုင်မှု မြှင့်တင့်နိုင်ရေးနှင့် မြန်မာနိုင်ငံနှင့် ဝူဟန်မြို့တို့အကြား တိုက်ရိုက် လေကြောင်းလိုင်း ပြေးဆွဲနိုင်ရေးကိစ္စရပ်များကို နှစ်ဖက်အမြင်ချင်းဖလှယ် ဆွေးနွေး ခဲ့ကြကြောင်း သိရှိရပါသည်။

********************

Consul General of Myanmar in Chongqing Meets Senior Officials of Hubei Province and Wuhan Municipal Government to Discuss Bilateral Cooperation

(22 -11-2025, Chongqing)

Consul General of the Consulate General of the Republic of the Union of Myanmar in Chongqing, U Kyaw Zay Yar Lin, visited Wuhan from 18 to 21 November 2025 to attend the 2025 Wuhan (Hankoubei) Commodities Fair.
During the trip, the Consul General held separate meetings with senior officials from the Hubei Provincial Department of Education, Department of Public Security, Department of Commerce, as well as the Wuhan Municipal Foreign Affairs Office. Both sides exchanged views on further strengthening cooperation between Myanmar and Hubei Province.
During these meetings, the Consul General discussed a range of cooperation opportunities, including: expanding educational cooperation between Myanmar and Hubei Province; signing a Memorandum of Understanding on education-related collaboration; enhancing cooperation in the sectors of commerce and trade; matters concerning nationality verification for Myanmar nationals residing in Hubei Province for various reasons; extending humanitarian support and assistance from the relevant public security authorities for Myanmar nationals under detention, including arrangements for their repatriation; promoting bilateral cooperation between Myanmar and Wuhan City in trade, investment, cultural exchange, and tourism development; and exploring the possibility of establishing a direct air route between Myanmar and Wuhan.

Contact Us

Address

2805/2806, World Financial Center, No.188 Minzu Road, Yuzhong District, Chongqing.

Phone

(86) (023) 86562808, 86562779

Fax

(86)(023)86562887

}

Working Hours

9:30 AM to 5:30 PM

Map