ချုံချင့်မြို့ မြန်မာကောင်စစ်ဝန်ချုပ်မှ ကျင်းတုံးလေကြောင်းလိုင်း ချန်ဒူး-ရန်ကုန် ကုန်တင်ခရီးစဉ် စတင်ပြေးဆွဲခြင်း အခမ်းအနားသို့ တက်ရောက်

(၂၈-၅-၂၀၂၅၊ ချန်ဒူး)

မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချုံချင့်မြို့မှ ကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းသည် ၂၆-၅-၂၀၂၅ ရက်တွင် စီချွမ်းပြည်နယ်၊ ချန်ဒူးမြို့၌ ကျင်းပသည့် ကျင်းတုံးလေကြောင်းလိုင်း၏ ချန်ဒူး-ရန်ကုန် ကုန်တင်လေယာဉ်စတင်ပြေးဆွဲခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။
အဆိုပါလေကြောင်း စတင်ပြေးဆွဲခြင်းအခမ်းအနားသို့ မြန်မာကောင်စစ်ဝန်ချုပ်နှင့်အတူ စီချွမ်းပြည်နယ် လေကြောင်း တာဝန်ရှိသူများ၊ ကျင်းတုံးလေကြောင်းလိုင်း တာဝန်ရှိသူများ၊ မြန်မာနှင့် တရုတ်အကြား စီးပွားရေးနှင့် ကုန်သွယ်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်နေသူများ တက်ရောက်ခဲ့ကြပါသည်။ ထို့နောက် ချန်ဒူး Shuangliu လေကြောင်း စီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ၊ ချန်ဒူး အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးအုပ်စုကုမ္ပဏီနှင့် JD လေကြောင်းတို့ သည် နယ်စပ်ဖြတ်ကျော် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူစာချုပ်ကို လက်မှတ်ရေး ထိုးခဲ့ကြပါ သည်။
၂၆-၅-၂၀၂၅ ရက်၊ ဒေသစံတော်ချိန် နေ့လယ် ၁ နာရီ ၃၆ မိနစ်တွင် ကျင်းတုံး လေကြောင်းလိုင်း၏ လေယာဉ်အမှတ် 737-800BCF သည် အထည်အလိပ်နှင့် ပိုးထည်အပြည့် တင်ဆောင်ကာ Chengdu Shungliu အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ရန်ကုန်အပြည်ပြည်ဆိုင် ရာလေဆိပ်သို့ တိုက်ရိုက်ပျံသန်းခဲ့ပြီး မြန်မာနိုင်ငံမှ ရေထွက်ကုန်များဖြစ်သည့် ငါး၊ ပုစွန်၊ ကဏန်း၊ ငါးရှဉ့်တို့ကို တင်ဆောင်၍ တရုတ်နိုင်ငံ၊ စီချွမ်းပြည်နယ် ဈေးကွက်အတွင်းသို့ ပြန်လည်ဖြန့်ချိမည်ဖြစ်ကြောင်း သိရှိပါသည်။

********************

Myanmar Consul General attends Launch of Chengdu- Yangon Cargo Flight

(28-5-2025, Chengdu)

Consul General of the Consulate General of the Republic of the Union of Myanmar in Chongqing, U Kyaw Zay Yar Lin attended the opening ceremony of the Chengdu-Yangon Cargo Flight route held on 26-5-2025 at the Shuangliu International Airport in Chengdu.
Along with the Myanmar Consul- General, officials from Sichuan Provincial Aviation, officials from Jindong Airlines, and the economic and trade cooperation partners between Myanmar and China attended the opening ceremony and signed the cooperation agreement by the Chengdu Shuangliu Aviation Economic Zone Management Committee, Chengdu International Trade Group Company, and JD Aviation.
On May 26, 2025 at 1:36 p.m(local time), JD Airlines flight no. 737-800BCF flew directly from Chengdu Shungliu International Airport to Yangon International Airport, carrying a full load of textiles and silk. The plane will return with seafood products from Myanmar, such as fish, shrimp, crabs, and eels, to be ditributed in the market of Sichun Province.

Contact Us

Address

2805/2806, World Financial Center, No.188 Minzu Road, Yuzhong District, Chongqing.

Phone

(86) (023) 86562808, 86562779

Fax

(86)(023)86562887

}

Working Hours

9:30 AM to 5:30 PM

Map