ချုံချင့်မြို့၌ ဗီယက်နမ်ကောင်စစ်ဝန်ချုပ်ရုံး ဖွင့်လှစ်သည့် အခမ်းအနားသို့ မြန်မာ ကောင်စစ်ဝန်ချုပ် တက်ရောက်
(၂၉-၁၀-၂၀၂၅ ရက်၊ ချုံချင့်)
မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချုံချင့်မြို့မှ ကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းသည် ဗီယက်နမ်ကောင်စစ်ဝန်ချုပ်ရုံး၊ ကောင်စစ်ဝန်ချုပ် ပေငုယင်လောင်၏ ဖိတ်ကြားချက်အရ ၂၉-၁၀-၂၀၂၅ ရက်၊ ၁၈:၀၀ နာရီတွင် The Westin Chongqing ဟိုတယ်၌ ကျင်းပပြုလုပ် သည့် ဗီယက်နမ် ကောင်စစ်ဝန်ချုပ်ရုံး ဖွင့်လှစ်သည့် အခမ်းအနားသို့ ပါဝင်တက်ရောက် ခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ ဒုတိယအတွင်းရေးမှူး နှင့် ချုံချင့်မြူနီစီပယ် မြို့တော်ဝန် Mr. Hu Henghua ၊ တရုတ်နိုင်ငံဆိုင်ရာ ဗီယက်နမ်သံအမတ် ကြီး H.E. Mr. Pham Thanh Binh ၊ ဗီယက်နမ် ကွန်မြူနစ်ပါတီကော်မတီ၊ မူဝါဒရေးရာနှင့် မဟာ ဗျူဟာကော်မရှင် ဒုတိယအကြီးအကဲ Mr. Nguyen Duc Hein၊ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ကောင်စစ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချူပ် Mr. Long Chau ၊ ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီးဌာန ကောင်စစ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Mr. Doan Hoang Minh တို့က အထူးဧည့်သည်တော်များအဖြစ် တက်ရောက်ခဲ့ကြပြီး ချုံချင့်နှင့် စီချွမ်းပြည်နယ် အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ ချုံချင့်မြို့နှင့် ချန်ဒူးမြို့အခြေစိုက် ကောင်စစ်ဝန်ချုပ်ရုံးများမှ ကောင်စစ်ဝန်ချုပ်များနှင့် ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ ပါဝင်တက်ရောက်ခဲ့ပါသည်။
ယခုဖွင့်လှစ်သော ချုံချင့်မြို့၊ ဗီယက်နမ်ကောင်စစ်ဝန်ချုပ်ရုံးသည် တရုတ်နိုင်ငံတွင် ဗီယက် နမ်နိုင်ငံမှ ဖွင့်လှစ်သည့် ဆဌမမြောက် ကောင်စစ်ဝန်ချုပ်ရုံးဖြစ်ပြီး၊ တရုတ်နိုင်ငံဆိုင်ရာ ဗီယက်နမ် သံရုံးကို ပေကျင်းမြို့တွင် ဖွင့်လှစ်ထားရှိပြီး၊ ဗီယက်နမ်ကောင်စစ်ဝန်ချုပ်ရုံးများကို ကူမင်းမြို့၊ နန်နင်းမြို့၊ ကွမ်ကျိုးမြို့၊ ရှန်ဟိုင်းမြို့နှင့် ဟောင်ကောင်မြို့များတွင် အသီးသီးဖွင့်လှစ်ထားရှိပြီး ဖြစ် ကြောင်း သိရှိရပါသည်။
Consul General U Kyaw Zay Yar Lin Attends the Opening Ceremony of the New Office of the Consulate General of Vietnam in Chongqing
(29 October 2025, Chongqing)
Consul General U Kyaw Zay Yar Lin of the Consulate General of the Republic of the Union of Myanmar in Chongqing attended the Opening Ceremony of the new office of the Consulate General of Vietnam in Chongqing at the invitation of Consul General Mr. Bui Nguyen Long. The ceremony was held at The Westin Chongqing Hotel at 18:00 hrs on 29 October 2025.
The ceremony was also graced by the presence of Mr. Hu Henghua, Deputy Secretary of the CPC Chongqing Municipal Committee and Mayor of Chongqing; H.E. Mr. Pham Thanh Binh, Ambassador of Vietnam to China; Mr. Nguyen Duc Hien, Deputy Head of the Central Committee for Policy and Strategic of the Central Committee of the Communist Party of Vietnam; and Mr. Doan Hoang Minh, Director-General of the Department of Consular Affairs, Ministry of Foreign Affairs of Vietnam, Mr. Long Chau ,Director-General of the Department of Consular Affairs, Ministry of Foreign Affairs of China, as special guests. Also in attendance were officials from the Governments of Chongqing Municipality and Sichuan Province, Consuls General and representatives from Consulates General based in Chongqing and Chengdu, as well as invited guests.
The newly inaugurated Consulate General of Vietnam in Chongqing is the sixth Consulate General of Vietnam in China. Vietnam currently maintains its Embassy in Beijing and Consulate Generals in Kunming, Nanning, Guangzhou, Shanghai, and Hong Kong.
Contact Us
Address
2805/2806, World Financial Center, No.188 Minzu Road, Yuzhong District, Chongqing.
Phone
(86) (023) 86562808, 86562779
Fax
(86)(023)86562887



