ကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းသည် ယွီကျုံးခရိုင်၊ တရားရေးရာဌာနမှ ဒုတိယညွှန်ကြား ရေးမှူး Ms. Chen Xiaohong နှင့် အဖွဲ့အား လက်ခံတွေ့ဆုံခဲ့ခြင်း

(၁၂-၈-၂၀၂၅၊ ချုံချင့်)

မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချုံချင့်မြို့မှ ကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းသည် ယွီကျုံးခရိုင်၊ တရားရေးရာဌာနမှ ဒုတိယညွှန်ကြားရေးမှူး Ms. Chen Xiaohong နှင့် အဖွဲ့အား ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက် (၁၀:၃၀) နာရီအချိန်တွင် မြန်မာကောင်စစ်ဝန်ချုပ်ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် Ms. Chen Xiaohong က ယွီကျုံးခရိုင်တွင် မကြာမီဖွင့်လှစ်မည့် ASEAN Legal Service Center နှင့်ပတ်သက်၍ မိတ်ဆက်ပြောကြားခဲ့ပြီး၊ တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများ၊ ရပ်ဝန်းနှင့် လမ်းကြောင်း စီမံကိန်းတစ်လျှောက် နိုင်ငံများရှိ တရားရေးစင်တာများနှင့် ပူးပေါင်းဆောင် ရွက်မည့် ကိစ္စရပ်များ၊ တရုတ်နိုင်ငံနှင့် ယင်းနိုင်ငံများအကြားရှိ စီးပွားရေးနှင့် ကုန်သွယ်မှုဆိုင်ရာ ကုမ္ပဏီများအချင်းချင်း အငြင်းပွားမှုဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ဥပဒေရေးရာ ဝန်ဆောင်မှု ပေးအပ်နိုင်မည့် အခြေအနေများကို ဆွေးနွေးပြောကြားခဲ့ပါသည်။ ASEAN Legal Service Center ထူထောင်မည့်ကိစ္စနှင့်ပတ်သက်၍ ကောင်စစ်ဝန်ချုပ်မှ မြန်မာနိုင်ငံရှိ ဥပဒေရေးရာဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက် ပေးနိုင်မည့် အခြေအနေများကို အကြံပြုဆွေးနွေးခဲ့ပါသည်။

Contact Us

Address

2805/2806, World Financial Center, No.188 Minzu Road, Yuzhong District, Chongqing.

Phone

(86) (023) 86562808, 86562779

Fax

(86)(023)86562887

}

Working Hours

9:30 AM to 5:30 PM

Map