ကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းသည် ငလျင်ဘေးအန္တရာယ် ပြန်လည်ထူထောင်ရေး ဆိုင်ရာလုပ်ငန်းများနှင့်ပတ်သက်၍ စီချွမ်းပြည်နယ်၊ ချန်ဒူးမြို့သို့ သွားရောက်လေ့လာခဲ့ခြင်း
(၂၅-၇-၂၀၂၅၊ ချုံချင့်)
မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချုံချင့်မြို့မှ ကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းသည် ငလျင်ဘေးအန္တရာယ် ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းများကို လေ့လာနိုင်ရန်အတွက် စီချွမ်းပြည်နယ်၊ ချန်ဒူးမြို့သို့ သွားရောက်ခဲ့ပါသည်။ ကောင်စစ်ဝန်ချုပ်သည် ချန်ဒူးမြို့ရှိ CHINA SOUTHWEST ARCHITECTURAL DESIGN AND RESEARCH INSTITUTE CO., LTD (CSWADI) သို့ သွားရောက်ခဲ့ပြီး သက်ဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ပါသည်။ ထိုသို့ တွေ့ဆုံရာတွင် CSWADI ကုမ္ပဏီမှ တာဝန်ရှိသူများက ၎င်းတို့ကုမ္ပဏီ၏ ငလျင်လှုပ်ခတ်အပြီး ပြည်တွင်း/ ပြည်ပ၌ ကူညီဆောင်ရွက်ပေးခဲ့မှုအခြေအနေများ၊ ပြန်လည်တည်ဆောက်ရေး ဆိုင်ရာ အဆောက်အအုံ ဗိသုကာဒီဇိုင်းရေးဆွဲခြင်း၊ ငလျင်ဒဏ်ခံနိုင်ပြီး သဘာဝပတ်ဝန်းကျင် နှင့် လိုက်လျောညီထွေရှိသည့် အဆောက်အဦများ တည်ဆောက်နိုင်ရေး၊ နေရောင်ခြည် စွမ်းအင်သုံး ဆိုလာစနစ်များဖြင့် လျှပ်စစ်စွမ်းအားများ ထိရောက်စွာအသုံးချနိုင်ရေး၊ ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်များ ထိရောက်စွာ အသုံးချနိုင်ရေးစသည်ဖြင့် ရှင်းလင်းဆွေးနွေးခဲ့ကြပြီး ကောင်စစ်ဝန်ချုပ်မှ မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ငလျင်နှင့်ပတ်သက်၍ ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ဆွေးနွေးပြောကြားခဲ့ပါသည်။
ထို့နောက် ကောင်စစ်ဝန်ချုပ်သည် ချန်ဒူးမြို့ရှိ သဘာဝဘေးအန္တရာယ်လျှော့ချရေး အဆင့်မြင့်နည်းပညာသုတေသနဌာန (Institute of Care-Life) သို့ သွားရောက်ခဲ့ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ သုတေသနဌာန၏ အကြီးအကဲမှ တရုတ်နိုင်ငံအတွင်း ငလျင်နှင့်ပတ်သက်သည့် သတင်းအချက်အလက်များအား ပြည်သူများ အချိန်မီသိရှိနိုင်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ငလျင်လှုပ်ခတ်မှုသာမက ရေကြီးခြင်း၊ မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များအား ပြည်သူများ အချိန်မီ သိရှိနိုင်ရေး ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပြီး ကောင်စစ်ဝန်ချုပ်မှ သဘာဝဘေးအန္တရာယ် ကြိုတင် ကာကွယ်နိုင်ရေးနှင့်ပတ်သက်၍ သိရှိလိုသည့် အချက်အလက်များကို အသေးစိတ် မေးမြန်း ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
Contact Us
Address
2805/2806, World Financial Center, No.188 Minzu Road, Yuzhong District, Chongqing.
Phone
(86) (023) 86562808, 86562779
Fax
(86)(023)86562887



