ကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းသည် “2025 Chongqing Never-Sleeping Life Festival နှင့် the 3rd Chongqing International Beer Culture Festival” ပွဲတော်သို့ တက် ရောက်ခဲ့ခြင်း
(၁၁-၇-၂၀၂၅၊ ချုံချင့်)
မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချုံချင့်မြို့မှ ကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းသည် ၁၁-၇-၂၀၂၅ ရက်တွင် ချုံချင့်မြို့ ကျူလောင်ပိုခရိုင်၌ ပြုလုပ်သည့် 2025 Chongqing Never-Sleeping Life Festival နှင့် the 3rd Chongqing International Beer Culture Festival သို့ တက် ရောက်ခဲ့ပါသည်။ အဆိုပါပွဲတော်သို့ ချုံချင့်မြူနီစီပယ်ပြည်သူ့ကွန်ဂရက် ဒုတိယဥက္ကဋ္ဌ Mr.Zhao Shiqing၊ ချုံချင့်မြူနီစပယ်အစိုးရ တာဝန်ရှိသူများ၊ ချုံချင့်မြူနီစီပယ် စီးပွားရေးရာ ကော်မရှင် ညွှန်ကြားရေးမှူးချုပ် Mr. Zhang Yongwu ၊ ချုံချင့်မြို့အခြေစိုက် ကောင်စစ်ဝန် ချုပ်ရုံးများမှ ကောင်စစ်ဝန်ချုပ်များနှင့် ကိုယ်စားလှယ်များ၊ အခြားဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။ ချုံချင့်မြူနီစီပယ် စီးပွားရေးရာကော်မရှင် ညွှန်ကြားရေးမှူးချုပ် Mr. Zhang Yongwu က အဖွင့်အမှာစကားပြောကြား၍ ချုံချင့်မြူနီ စီပယ်ပြည်သူ့ကွန်ဂရက်ဒုတိယ ဥက္ကဋ္ဌ Mr.Zhao Shiqing ၊ ကောင်စစ်ဝန်ချုပ်များ၊ တာဝန်ရှိ သူများနှင့်အတူ ပွဲတော်ကို ဘီယာ သွန်းလောင်း၍ ဖွင့်လှစ်ပေးခဲ့ပါသည်။ ထို့နောက် Mr.Zhao Shiqing ၊ Mr. Zhang Yongwu နှင့် ကောင်စစ်ဝန်ချုပ်များသည် တေးဂီတများ၊ အဆိုအကဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့ကြပြီး ပွဲတော်အတွင်း ခင်းကျင်းပြသရောင်းချ သော ချုံချင့်ဒေသထွက် စားသောက်ကုန်နှင့် လူသုံးကုန် ဈေးဆိုင်ခန်းများအား လှည့်လည် ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရှိရပါသည်။
Contact Us
Address
2805/2806, World Financial Center, No.188 Minzu Road, Yuzhong District, Chongqing.
Phone
(86) (023) 86562808, 86562779
Fax
(86)(023)86562887



