ကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းသည် (၂၀) ကြိမ်မြောက် တရုတ်အနောက်ပိုင်း ကုန်စည် ပြပွဲသို့ တက်ရောက်ခဲ့ခြင်း

(၂၆-၅-၂၀၂၅၊ ချန်ဒူး)

မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချုံချင့်မြို့မှ ကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းသည် ၂၅-၅-၂၀၂၅ ရက်မှ ၂၉-၅-၂၀၂၅ ရက်အထိ စီချွမ်းပြည်နယ်၊ ချန်ဒူးမြို့ရှိ Tianfu International Convention Center တွင် ကျင်းပပြုလုပ်ခဲ့သည့် (၂၀) ကြိမ်မြောက် တရုတ်အနောက်ပိုင်း ကုန်စည်ပြပွဲ (20th Western China International Fair) နှင့် ဆက်စပ်လှုပ်ရှားမှုများသို့ တက်ရောက်ခဲ့ပါသည်။
အဆိုပါ (၂၀) ကြိမ်မြောက် တရုတ်အနောက်ပိုင်းကုန်စည်ပြပွဲသို့ တရုတ်နိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်က ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့ပါသည်။ ယင်းကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနား နှင့် ပြပွဲတို့သို့ အမျိုးသားပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ ဒုတိယဥက္ကဋ္ဌ Mr. Peng Qinghua၊ စီချွမ်ပြည်နယ် ကွန်မြူနစ်ပါတီကော်မတီအတွင်းရေးမှူးနှင့် စီချွမ်ပြည်နယ် ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ ဥက္ကဋ္ဌ Mr. Wang Xiaohui ၊ တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်သူ့ကွန်မြူနစ်ပါတီ အတွင်းရေးမှူး Mr. Qi Yu၊ စီချွမ်ပြည်နယ် ကွန်မြူနစ်ပါတီ ဒုတိယ အတွင်းရေးမှူးနှင့် စီချွမ်ပြည်နယ် အုပ်ချုပ်ရေးမှူး Mrs. Shi Xiaolin၊ စီချွမ်ပြည်နယ်၊ ချင်းဟိုင်ပြည်နယ်နှင့် ကျဲ့ကျန်းပြည်နယ်အစိုးရ တာဝန်ရှိသူများ၊ ချုံချင့်မြို့နှင့် ချန်ဒူးမြို့အခြေစိုက် ကောင်စစ်ဝန်ချုပ်ရုံးများမှ ကောင်စစ်ဝန်ချုပ်များနှင့် ကိုယ်စားလှယ်များ၊ ပြပွဲနှင့် အခမ်းအနားတို့သို့ ဖိတ်ကြားထားသည့် နိုင်ငံတကာမှ ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပြီး လာအိုနိုင်ငံ ဒုတိယဝန်ကြီးချုပ် H.E. Kikeo KHAYKHAMPHITHOUNE နှင့် ဟန်ဂေရီ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ H.E MA´TRAI Ma´rta တို့မှလည်း အဓိကဧည့်သည်နိုင်ငံများအဖြစ် တက်ရောက်ခဲ့ကြပါသည်။
ဖွင့်ပွဲအခမ်းအနားပြီးနောက် တက်ရောက်လာကြသည့် ဧည့်သည်တော်များသည် ပြပွဲအတွင်း ခင်းကျင်းပြသထားသည့် ပြည်တွင်းနှင့် နိုင်ငံတကာကုမ္ပဏီများ၏ ထုတ်ကုန် ဆိုင်ရာ ပြခန်းများကို လေ့လာကြည့်ရှုခဲ့ကြပါသည်။ (၂၀) ကြိမ်မြောက် တရုတ်အနောက်ပိုင်း ကုန်စည် ပြပွဲတွင် အရေးကြီးသည့် ပူးပေါင်းဆောင်ရွက်‌ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဆိုင်ရာလှုပ်ရှားမှုများ၊ နိုင်ငံတကာစီးပွားရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ လှုပ်ရှားမှုများ ပြုလုပ်ခဲ့ပါသည်။ ယင်းပြပွဲတွင် နိုင်ငံတကာမှ စီးပွားရေးဆိုင်ရာ ပြခန်းများ ပါဝင်ပြသထားပြီး မြန်မာနိုင်ငံမှ ကျောက်မျက်ရတနာနှင့် လက်မှုပညာပြခန်း (၃) ခန်း ပါဝင်ပြသခဲ့ကြောင်း သိရှိရပါသည်။

**************************
Myanmar Consul-General in Chongqing attended the 20th Western China International Fair

(26-5-2025, Chengdu)

Consul General of the Consulate General of the Republic of the Union of Myanmar in Chongqing, U Kyaw Zay Yar Lin attended the 20th Western China International Fair (WCIF) and related activities held from 25-5-2025 to 29-5-2025 at the Tianfu International Convention Center in Chengdu, Sichuan Province.
The President of the People Republic of China Mr. Xi Jinping sent a congratulatory letter to the 20th Western China International Fair. Mr. Peng Qinghua, Vice Chairman of the NPC Committee, Mr. Wang Xiaohui, Secretary of the CPC Sichuan Provincial Committee and Chairman of the Standing Committee of Sichuan Provincial People’s Congress, Mr.Qi Yu , Secretary of the CPC Committee of the Ministry of Foreign Affairs, Mrs. Shi Xiaolin, Deputy Secretary of Secretary of the CPC Sichuan Provincial Committee and Governor of the People Government of Sichuan Province, officials from the Sichuan, Qinghai and Zhejiang Provincial Government, Consul -Generals and representatives from the Consulates General base in Chongqing and Chengdu, and invited international guests to the exhibition and event were attended the opening ceremony of the 20th WCIF and exhibition. As the Guest of Countries, H.E. Kikeo KHAYKHAMPHITHOUNE, politburo Member of the Lao People’s Revolutionary Party Central Committee and Deputy Prime Minister, and H.E MA´TRAI Ma´rta, Deputy Speaker of the Hungarian National Assembly and the President of Huangary-China Friendship Parliamentary Group were attended the 20th WCIF.
After the opening ceremony, the guests in attendance toured around the product booths of each local and international companies at the Tianfu International Convention Center. During the 20th WCIF, the signing ceremony on important cooperation projects, foreign investment activities, international economic and trade activities, and international business exhibitions were held. Myanmar has participated with 3 booths of jewelry and handicraft at the 20th WCIF.

Contact Us

Address

2805/2806, World Financial Center, No.188 Minzu Road, Yuzhong District, Chongqing.

Phone

(86) (023) 86562808, 86562779

Fax

(86)(023)86562887

}

Working Hours

9:30 AM to 5:30 PM

Map