ကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းသည် (၇) ကြိမ်မြောက် တရုတ်အနောက်ပိုင်း ကုန်သွယ် ရေးနှင့် ရင်းနှီးမြှုပ်နှံရေး နိုင်ငံတကာပြပွဲသို့ တက်ရောက်ခဲ့ခြင်း

(၂၂-၅-၂၀၂၅၊ ချုံချင့်)

မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချုံချင့်မြို့မှ ကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းသည် ၂၁-၅-၂၀၂၅ ရက်မှ ၂၅-၅-၂၀၂၅ ရက်အထိ ချုံချင့်မြို့ရှိ Yue Lai Internation Convention Center တွင် ကျင်းပပြုလုပ်ခဲ့သည့် (၇) ကြိမ်မြောက် တရုတ်အနောက်ပိုင်း ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံရေး နိုင်ငံတကာပြပွဲ (7th Western China International Fair for Investment and Trade -WCIFIT) နှင့် ဆက်စပ်လှုပ်ရှားမှုများသို့ တက်ရောက်ခဲ့ပါသည်။
အဆိုပါ (၇) ကြိမ်မြောက် တရုတ်အနောက်ပိုင်း ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံရေး နိုင်ငံ တကာပြပွဲ ဖွင့်ပွဲအခမ်းအနားနှင့် အကြိုအစည်းအဝေးတို့သို့ ချုံချင့်မြူနီစီပယ်ပါတီ ကော်မတီ အတွင်းရေးမှူး Mr. Yuan Jiajun၊ ချုံချင့်မြူနီစီပယ်ပါတီကော်မတီ ဒုတိယအတွင်းရေးမှူးနှင့် မြို့တော်ဝန် Mr.Hu Henghua နှင့် ချုံချင့်မြူနီစီပယ်အစိုးရ တာဝန်ရှိသူများ၊ ချုံချင့်မြို့နှင့် ချန်ဒူး မြို့ အခြေစိုက် ကောင်စစ်ဝန်ချုပ်ရုံးများမှ ကောင်စစ်ဝန်ချုပ်များနှင့် ကိုယ်စားလှယ်များ၊ ပြပွဲနှင့် အခမ်းအနားသို့ ဖိတ်ကြားထားသည့် နိုင်ငံတကာမှ ဧည့်သည်တော်များ တက်ရောက်ခဲ့ကြ ကြောင်း သိရှိရပါသည်။
ဖွင့်ပွဲအခမ်းအနားပြီးနောက် တက်ရောက်လာကြသည့် ဧည့်သည်တော်များသည် ပြပွဲ အတွင်း ခင်းကျင်းပြသထားသည့် ပြည်တွင်းနှင့် နိုင်ငံတကာကုမ္ပဏီများ၏ ထုတ်ကုန်ဆိုင်ရာ ပြခန်းများကို လေ့လာကြည့်ရှုခဲ့ကြပါသည်။ (၇) ကြိမ်မြောက် တရုတ်အနောက်ပိုင်း ကုန်သွယ် ရေးနှင့် ရင်းနှီးမြှုပ်နှံရေး နိုင်ငံတကာပြပွဲတွင် အရေးကြီးသည့် ပူးပေါင်းဆောင်ရွက်‌ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လှုပ်ရှားမှုများ၊ နိုင်ငံတကာ စီးပွားရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ လှုပ်ရှားမှုများ ပြုလုပ်ခဲ့ပါသည်။ ယင်းပြပွဲတွင် နိုင်ငံတကာမှ စီးပွားရေးဆိုင်ရာ ပြခန်းများ ပါဝင်ပြသထားပြီး မြန်မာနိုင်ငံမှ ကျောက်မျက်ရတနာ နှင့် လက်မှုပညာပြခန်း (၃) ခန်း ပါဝင်ပြသခဲ့ကြောင်း သိရှိရပါသည်။

Myanmar Consul-General in Chongqing attended the 7th Western China International Investment and Trade Fair

(22-5-2025, Chongqing)

Consul General of the Consulate General of the Republic of the Union of Myanmar in Chongqing, U Kyaw Zay Yar Lin attended the 7th Western China International Investment and Trade Fair (WCIFIT) and related activities held from 21-5-2025 to 25-5-2025 at the Yue Lai Convention Center in Chongqing.
Mr. Yuan Jiajun, Secretary of the Chongqing Municipal Party Committee, Mr. Hu Henghua, Deputy Secretary of the Chongqing Municipal Party Committee and Mayor of the Chongqing Municipal People’s Government, officials of the Chongqing Municipal Government, Consul -Generals and representatives from the Consulates General base in Chongqing and Chengdu, and invited international guests to the exhibition and event were attended the pre-meeting and the opening ceremony of the 7th WCIFIT.
After the opening ceremony, the guests in attendance toured around the product booths of each local and international companies at the Yue Lai International Convention Center. During the 7th WCIFIT, the signing ceremony on important cooperation projects, foreign investment activities, international economic and trade activities, and international business exhibitions were held. Myanmar has participated with 3 booths of jewelry and handicraft at the 7th WCIFIT.

Contact Us

Address

2805/2806, World Financial Center, No.188 Minzu Road, Yuzhong District, Chongqing.

Phone

(86) (023) 86562808, 86562779

Fax

(86)(023)86562887

}

Working Hours

9:30 AM to 5:30 PM

Map