
ကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းသည် မြန်မာ-ချုံချင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စီးပွားရေး မိတ်ဆက်ဆွေးနွေးပွဲနှင့် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲသို့ တက်ရောက်ခဲ့ခြင်း
(၁၆-၅-၂၀၂၅၊ ချုံချင့်)
မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချုံချင့်မြို့မှ ကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်း သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သူရ ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့နှင့်အတူ ၁၃-၅-၂၀၂၅ ရက်တွင် ချုံချင့်မြို့၌ ကျင်းပခဲ့သည့် မြန်မာ-ချုံချင့် ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ စီးပွားရေးမိတ်ဆက်ဆွေးနွေးပွဲနှင့် မြန်မာ-ချုံချင့် စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာနားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲအခမ်းအနားသို့ တက် ရောက်ခဲ့ပါသည်။ အခမ်းအနားကို ချုံချင့်မြူနီစီပယ်အစိုးရနှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချုံချင့်မြို့တို့မှ စီစဉ်ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ချုံချင့်မြူနီစီပယ်အစိုးရ စီးပွားရေးရာကော်မရှ င် ညွှန်ကြားရေးမှူးချုပ် Mr. Zhang Yongwu နှင့် တာဝန်ရှိသူများ၊ ကုန်သွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သူရ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်များ၊ မြန်မာ ကောင်စစ်ဝန်ချုပ်၊ ချုံချင့်မြူနီစီပယ် အစိုးရတာဝန်ရှိသူများ၊ ချုံချင့်မြူနီစီပယ် အခြေစိုက် စီးပွားရေးလုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များနှင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရေး စိတ်ပါ ဝင်စားသူများ တက်ရောက်ခဲ့ကြပါသည်။
ချုံချင့်မြူနီစီပယ်အစိုးရ စီးပွားရေးရာကော်မရှင် ညွှန်ကြားရေးမှူးချုပ် Mr. Zhang Yongwu ၊ ကုန်သွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သူရနှင့် မြန်မာကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းတို့က အဖွင့်အမှာစကား အသီးသီးပြောကြားခဲ့ကြပြီးနောက် မြန်မာနိုင်ငံ နှင့် တရုတ်နိုင်ငံ၊ ချုံချင့်မြူနီစီပယ်အကြား စီးပွားရေးနှင့် ကုန်သွယ်ရေးကဏ္ဍတွင် ပူးပေါင်း ဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများ ပိုမိုတိုးတက်စေရေး မြန်မာ-ချုံချင့် စီးပွားရေးနှင့် ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာကို ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သူရနှင့် ညွှန်ကြားရေးမှူးချုပ် Mr. Zhang Yongwu တို့က လက်မှတ်ရေးထိုးခဲ့ကြပါ သည်။
၃။ အခမ်းအနားတွင် မြန်မာကိုယ်စားလှယ်အဖွဲ့များမှ မြန်မာနိုင်ငံ၏ စီးပွားရေးဆိုင်ရာ မူဝါဒများ၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းများ၊ နေပြည်တော် စက်မှုဇုန် တည်ထောင်မည့် အခြေအနေများ၊ စက်မှုဇုန်တွင် ရင်းနှီးမြှုပ်နှံနိုင်မည့် အခွင့်အရေးများအား တက်ရောက်လာကြသည့် စီးပွားရေးလုပ်ငန်းရှင်များအား မိတ်ဆက်ဆွေးနွေးခဲ့ပြီး စက်မှုဇုန် နှင့်ပတ်သက်၍ တက်ရောက်လာသည့်သူများ၏ မေးခွန်းများကို ပြန်လည်ဖြေကြားခဲ့ကြ ကြောင်း သိရှိရပါသည်။
******************
Consul General of Myanmar in Chongqing attends the Myanmar- Chongqing Investment and Business Matchmaking Conference and the Signing Ceremony of the Memorandum of Understanding (MOU)
(16-5-2025, Chongqing)
Consul General of the Consulate General of the Republic of the Union of Myanmar in Chongqing, U Kyaw Zay Yar Lin attended the Myanmar- Chongqing Investment and Business Matchmaking Conference and the signing ceremony of the Memorandum of Understanding in Chongqing on May 13, 2025. The Consul- General was present at the Conference together with the Myanmar delegation led by U Myint Thura, Director General of the Department of Commerce, Ministry of Commerce, the Republic of the Union of Myanmar.
The conference was organized by the Chongqing Municipal Commission of Commerce and the Myanmar Consulate General in Chongqing, and attended by Myanmar delegation led by Director General of the Department of Commerce, U Myint Thuya, Director General of the Chongqing Municipal Commission of Commerce, Mr. Zhang Yongwu and respective officials, Chongqing Municipal Government Officials, entrepreneurs, representatives from business associations in Chongqing as well as people who want to invest in Myanmar.
At the conference, U Myint Thuya, Director General of the Department of Commerce, Mr. Zhang Yongwu, Director General of the Chongqing Municipal Commission of Commerce and U Kyaw Zay Yar Lin, Consul General of the Myanmar Consulate General delivered speeches respectively. After the opening ceremony, the Director-Generals were signed the Memorandum of Understanding on Myanmar-Chongqing Economic and Trade Cooperation to further enhance opportunities for cooperation in the economic and trade sectors between Myanmar and China (Chongqing).
At the conference, the Myanmar delegation introduced and discussed Myanmar’s economic policies, trade and investment opportunities in Myanmar, the status of the establishment of the Nay Pyi Taw Industrial Zone, and investment opportunities in the industrial zone with the entrepreneurs and representatives from business associations as well as answered questions from attendees regarding the industrial zone.
Contact Us
Address
2805/2806, World Financial Center, No.188 Minzu Road, Yuzhong District, Chongqing.
Phone
(86) (023) 86562808, 86562779
Fax
(86)(023)86562887