ကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းသည် ချုံချင့်မြို့ရှိ Zongsen Group စက်ရုံသို့ သွားရောက် လေ့လာခဲ့ခြင်း

(၅-၈-၂၀၂၆၊ ချုံချင့်)

မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချုံချင့်မြို့မှ ကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းသည် ၅-၈-၂၀၂၆ ရက် နေ့လယ်ပိုင်းတွင် ချုံချင့်မြို့ရှိ Zonsen အမှတ်တံဆိပ် ဆိုင်ကယ်၊ သုံးဘီး၊ အင်ဂျင်နှင့် လယ်ယာသုံး စက်ကိရိယာများ ထုတ်လုပ်သည့် စက်ရုံနှင့် ပြခန်းတို့သို့ သွားရောက်၍ လေ့လာခဲ့ပြီး တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
Zonsen စက်မှုလုပ်ငန်းစုကို ၁၉၈၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး၊ လုပ်ငန်းစုတွင် Zonsen Power (001696) နှင့် Loncin Motor (603766) ကဲ့သို့သော အများပိုင်ကုမ္ပဏီများစွာ ပါဝင် ပါသည်။ Zonsen (Loncin General Purpose အပါအဝင်) သည် ချုံချင့်၊ ကွမ်တုံ၊ ကျန်းစု၊ ကျဲ့ကျန်း၊ ဟဲပေ၊ ဟဲနန်၊ ထျန်းကျင်းနှင့် အခြားဒေသများအပြင် ဗီယက်နမ်၊ ထိုင်းနှင့် မက္ကဆီကို အပါအဝင် နိုင်ငံများတွင် ထုတ်လုပ်ရေးစက်ရုံများကို လည်ပတ်လျက်ရှိပါသည်။ Zonsen လုပ်ငန်းစုသည် ဂျာမနီနိုင်ငံမှ BMW၊ အီတလီနိုင်ငံမှ Piaggio နှင့် ဘယ်လာရုစ်နိုင်ငံမှ Gomel ကဲ့သို့သော နိုင်ငံ တကာတွင် ကျော်ကြားသော လုပ်ငန်းများနှင့် မဟာဗျူဟာမြောက် မိတ်ဖက်များ ထူထောင်ထား ရှိပါသည်။ Zonsen လုပ်ငန်းစုသည် China Top 500 Enterprises၊ China Top 500 Private Enterprises၊ China Top 500 Manufacturing Enterprises နှင့် China Top 500 Machinery Enterprises စာရင်းများတွင် အစဉ်တစိုက် ပါဝင်လျက်ရှိသည့် လုပ်ငန်းစုဖြစ်ပြီး ၎င်း၏ထုတ်ကုန် များကို ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံနှင့် ဒေသပေါင်း ၁၈၀ ကျော်သို့ တင်ပို့လျက်ရှိပါသည်။ မော်တော် ဆိုင်ကယ်များ၊ သုံးဘီးဆိုင်ကယ်များ၊ အထွေထွေသုံးစက်ပစ္စည်းများ၊ အင်ဂျင်အမျိုးအစား အမျိုးမျိုး နှင့် စက်မှုလယ်ယာသုံး စက်ယန္တရားပစ္စည်းအမျိုးမျိုးကို နှစ်စဉ်ထုတ်လုပ်မှုနှင့် ရောင်းချမှု ပမာဏ အရ Zonsen လုပ်ငန်းစုသည် တရုတ်နိုင်ငံနှင့် ကမ္ဘာ့ထိပ်တန်းလုပ်ငန်းများအနက် တစ်ခုအဖြစ် ရပ်တည်လျက်ရှိကြောင်း သိရှိရပါသည်။
Zonsen လုပ်ငန်းစုသို့ လေ့လာရေး ရောက်ရှိစဉ်အတွင်း ကောင်စစ်ဝန်ချုပ်သည် Zonsen လုပ်ငန်းစု၏ မဟာဗျူဟာ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဒုတိယဥက္ကဋ္ဌဖြစ်သူ Mr. Wang Yao နှင့် တာဝန် ရှိသူများနှင့်တွေ့ဆုံဆွေးနွေး၍ Zonsen လုပ်ငန်းစုမှ ထုတ်လုပ်သည့် စက်ပစ္စည်းကိရိယာများအား မြန်မာနိုင်ငံသို့ တင်ပို့နိုင်ရေးသာမက Zonsen လုပ်ငန်းစုအနေဖြင့် မြန်မာနိုင်ငံတွင် စက်ရုံတည် ဆောက်၍ လာရောက်ရင်းနှီးမြှုပ်နှံနိုင်ရေး အခွင့်အလမ်းများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြ ကြောင်း သိရှိရပါသည်။

Consul-General U Kyaw Zay Yar Lin Paid a Visit to Zonsen Group in Chongqing

(5 August 2026, Chongqing)

Consul-General U Kyaw Zay Yar Lin of the Consulate-General of the Republic of the Union of Myanmar in Chongqing paid a visit to Zonsen Group in Chongqing on the afternoon of 5 August 2026. During the visit, the Consul-General toured the Group’s manufacturing facilities and exhibition hall, where motorcycles, three-wheeled vehicles, engines, and agricultural machinery are produced, and held cordial discussions with the company’s senior management.
Established in 1982, Zonsen Group comprises several publicly listed companies, including Zonsen Power (001696) and Loncin Motor (603766). The Group (including Loncin General Purpose) operates manufacturing facilities in Chongqing, Guangdong, Jiangsu, Zhejiang, Hebei, Henan, Tianjin, and other parts of China, as well as in Vietnam, Thailand, and Mexico. It has also established strategic partnerships with internationally renowned companies, including BMW of Germany, Piaggio of Italy, and Gomel of Belarus.
Zonsen Group is consistently ranked among the China Top 500 Enterprises, China Top 500 Private Enterprises, China Top 500 Manufacturing Enterprises, and China Top 500 Machinery Enterprises. Its products are exported to more than 180 countries and regions worldwide. The Group is recognized as one of the leading enterprises in China and globally in the production and sales of motorcycles, three-wheeled vehicles, general-purpose machinery, various types of engines, and agricultural machinery.
During the visit, the Consul-General held discussions with Mr. Wang Yao, Vice President for Strategic Investment of Zonsen Group, and other senior officials of the company. The two sides exchanged views on the potential export of Zonsen’s machinery and equipment to Myanmar, as well as investment opportunities for the Group to establish manufacturing facilities in Myanmar.

Contact Us

Address

2805/2806, World Financial Center, No.188 Minzu Road, Yuzhong District, Chongqing.

Phone

(86) (023) 86562808, 86562779

Fax

(86)(023)86562887

}

Working Hours

9:30 AM to 5:30 PM

Map