ကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းသည် စီချွမ်းပြည်နယ်၊ ချန်ဒူးမြို့တွင်ကျင်းပပြုလုပ်သည့် ၂၀၂၆ စီချွမ်း- တောင်အာရှနှင့် အရှေ့တောင်အာရှ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်း ဆောင် ရွက်ရေး ညီလာခံသို့ တက်ရောက်ခဲ့ခြင်း

(၈-၇-၂၀၂၆၊ ချုံချင့်)

၈-၇-၂၀၂၆ ရက် နံနက် ၉:၀၀ နာရီတွင် မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချုံချင့်မြို့မှ ကောင်စစ် ဝန်ချုပ် ဦးကျော်ဇေယျာလင်းသည် စီချွမ်းပြည်နယ်၊ ချန်ဒူးမြို့တွင်ကျင်းပပြုလုပ်သည့် ၂၀၂၆ စီချွမ်း-တောင်အာရှနှင့် အရှေ့တောင်အာရှ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး ညီလာခံ (2026 Sichuan-South Asia & Southeast Asia Business Development Cooperation Conference) သို့ တက်ရောက်ခဲ့ပါသည်။
အခမ်းအနားကို “အနာဂတ်ဆီသို့ချိတ်ဆက်ပေးမည့် ဒီဂျစ်တယ်ဉာဏ်ရည်ခေတ်” (Digital Intelligence Era, Linking for Tomorrow) ဟူသောဆောင်ပုဒ်ဖြင့် ကျင်းပခဲ့ပြီး အရည်အသွေး မြင့်မားသော ကုန်ထုတ်စွမ်းအားသစ်များ၏ လမ်းကြောင်းများကို ဉာဏ်ရည်ထက်မြက်သော ထုတ် လုပ်မှု (Intelligence manufacturing)၊ ဒီဂျစ်တယ်ကုန်သွယ်မှု (digital trade)နှင့် နယ်စပ်ဖြတ် ကျော်ကုန်သွယ်မှု(cross-broder e-commerce) အပါအဝင် အဓိက ကဏ္ဍများတွင် ပူးပေါင်း ဆောင်ရွက်မှုကို ပိုမိုနက်ရှိုင်းစေရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ပါသည်။ အခမ်းအနားတွင် စီချွမ်း ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး မစ္စတာ Ren Jingdong၊ စီချွမ်းပြည်နယ် တရုတ်နိုင်ငံတကာ ကုန်သွယ်မှု မြှင့်တင်ရေးကောင်စီ (CCPIT Sichuan Council) ဥက္ကဋ္ဌ မစ္စ Lyu Furong၊ တရုတ် ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ ဗီယက်နမ်နိုင်ငံ သံအမတ်ကြီး၊ တရုတ်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်‌ရေး ကုန်သည်များအသင်း (CCOIC) ဒုတိယအထွေထွေအတွင်းရေးမှူးချုပ်၊ တောင်အာရှ ဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအသင်း ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (ASSRC CCI) ဥက္ကဋ္ဌနှင့် အာဆီယံ-တရုတ်ဗဟိုဌာန (ASEAN-China Centre) ကုန် သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဌာနခွဲ ညွှန်ကြားရေးမှူးတို့က အသီးသီးအမှာစကားပြောကြားခဲ့ကြ ပါသည်။
အဆိုပါအခမ်းအနားသို့ စီချွမ်းပြည်နယ် အစိုးရဌာနများမှ တာဝန်ရှိသူများ၊ CCPIT၊ တောင် အာရှနှင့် အရှေ့တောင်အာရှ ကုန်သည်ကြီးများအသင်း၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင် ရေးအေဂျင်စီများမှ ကိုယ်စားလှယ်များနှင့် ချုံချင့်မြို့နှင့် ချန်ဒူးမြို့ အခြေစိုက် ကောင်စစ်ဝန် ချုပ်ရုံး များမှ ကောင်စစ်ဝန်ချုပ်များနှင့် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး ရပ်ဝန်းနှင့် ပိုးလမ်းမ စီမံကိန်း (BRI) အတွင်း ပေါင်းစည်းပါဝင်လာစေရန်၊ အပြည်ပြည်ဆိုင်ရာ စက်မှုနှင့် ထောက်ပံ့ပို့ ဆောင်ရေးကွင်းဆက်များကို မြှင့်တင်ရန်၊ နှစ်ဦးနှစ်ဖက် ဘက်စုံစီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ရန်၊ ပူးပေါင်းဆောင်ရွက်မှု အသွင်ကူးပြောင်းရေး အရှိန် အဟုန်ကို မြှင့်တင်ရန် စသည့် အကြောင်းအရာများအပေါ် အဓိကထား ဆွေးနွေးခဲ့ကြောင်း သိရှိရ ပါသည်။

Consul General U Kyaw Zay Yar Lin Attends the 2026 Sichuan–South Asia & Southeast Asia Business Development Cooperation Conference

(8 July 2026, Chongqing)

On 8 July 2026 at 9:00 a.m., Consul General U Kyaw Zay Yar Lin of the Consulate General of the Republic of the Union of Myanmar in Chongqing attended the 2026 Sichuan–South Asia & Southeast Asia Business Development Cooperation Conference, held in Chengdu, Sichuan Province.

The conference was convened under the theme “Digital Intelligence Era, Linking for Tomorrow”, with the objective of deepening cooperation in key sectors, including intelligent manufacturing, digital trade, and cross-border e-commerce, so as to foster new pathways for high-quality productive forces and sustainable economic development. At the event, opening and keynote remarks were delivered by Mr. Ren Jingdong, Vice Governor of Sichuan Province; Ms. Lyu Furong, Chairman of the China Council for the Promotion of International Trade (CCPIT) Sichuan Council; the Ambassador of the Socialist Republic of Vietnam to the People’s Republic of China; the Deputy Secretary General of the China Chamber of International Commerce (CCOIC); the President of the SAARC Chamber of International Commerce and Industry (SAARC CCI); and the Director of the Trade and Investment Promotion Division of the ASEAN–China Centre, respectively.

The conference was attended by officials from the Sichuan Provincial Government, representatives from CCPIT, chambers of commerce from South Asia and Southeast Asia, trade and investment promotion agencies, as well as Consuls General and representatives from consular missions based in Chongqing and Chengdu.

During the conference, participants exchanged views on promoting greater integration under the Belt and Road Initiative (BRI), strengthening international industrial and logistics supply chains, expanding bilateral and multilateral economic and trade cooperation, and accelerating the transformation and upgrading of regional cooperation mechanisms.

Contact Us

Address

2805/2806, World Financial Center, No.188 Minzu Road, Yuzhong District, Chongqing.

Phone

(86) (023) 86562808, 86562779

Fax

(86)(023)86562887

}

Working Hours

9:30 AM to 5:30 PM

Map