
ကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းသည် တရုတ်-အာဆီယံ ဥပဒေရေးရာ ဝန်ဆောင်မှု စင်တာ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ခြင်း (၂၉-၄-၂၀၂၅ ၊ ချုံချင့်)
(၂၉-၄-၂၀၂၅ ၊ ချုံချင့်)
မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချုံချင့်မြို့မှ ကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းသည် ၂၉-၄-၂၀၂၅ ရက်တွင် ချုံချင့်မြို့ရှိ JW Marriott ဟိုတယ်၌ ကျင်းပပြုလုပ်သည့် တရုတ်-အာဆီယံ ဥပဒေရေးရာဝန်ဆောင်မှုစင်တာ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။ အဆိုပါ တရုတ်-အာဆီယံ ဥပဒေရေးရာဝန်ဆောင်မှုစင်တာ ဖွင့်ပွဲ အခမ်းအနားသို့ ချုံချင့်မြို့မြူနီစီပယ်အစိုးရ တာဝန်ရှိသူများ၊ ယွီကျုံးနိုင်ငံခြားရေးရာဌာန၊ ဥပဒေရေးရာဌာန တို့မှ တာဝန်ရှိသူများ၊ မြန်မာ ကောင်စစ်ဝန်ချုပ်၊ ဖိလစ်ပိုင်နိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ်၊ ကမ္ဘောဒီးယား ကောင်စစ်ဝန်ချုပ်ရုံးတို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး ချုံချင့်မြူနီစီပယ်အစိုးရ၊ ယွီကျုံးခရိုင် နိုင်ငံရေးနှင့် ဥပဒေရေးရာကော်မတီ၏ အတွင်းရေးမှူးနှင့် အမြဲတမ်းကော်မတီ အဖွဲ့ဝင် Mr. Wei Chuanzhong နှင့် ချုံချင့်မြူနီစီပယ်အစိုးရ တရားရေးဗျူရိုမှ ဒုတိယညွှန်ကြား ရေးမှူး Mr. Zhang Kai တို့မှ အဖွင့်မိန့်ခွန်း ပြောကြား၍ ဖွင့်လှစ်ပေးခဲ့ပါသည်။ ထို့နောက် တရုတ်-အာဆီယံ ဥပဒေရေးရာဝန်ဆောင်မှု စင်တာနှင့် သက်ဆိုင်ရာဌာနများ၊ တက္ကသိုလ်များအကြား နားလည်မှုစာချွန်လွှာများကို လက်မှတ်ရေးထိုးခဲ့ ကြောင်း သိရှိရပါသည်။
Contact Us
Address
2805/2806, World Financial Center, No.188 Minzu Road, Yuzhong District, Chongqing.
Phone
(86) (023) 86562808, 86562779
Fax
(86)(023)86562887