ကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းသည် စီချွမ်းနိုင်ငံခြားဘာသာတက္ကသိုလ်မှ ကျောင်းအုပ်ကြီး Mr. Zhu Chaowei အား တွေ့ဆုံခဲ့ခြင်း
(၂၈-၄-၂၀၂၆၊ ချုံချင့်)
မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချုံချင့်မြို့မှ ကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းသည် ချုံချင့်မြူနီစီပယ်မြို့ရှိ စီချွမ်းနိုင်ငံခြားဘာသာတက္ကသိုလ်မှ ကျောင်းအုပ်ကြီး Mr. Zhu Chaowei အား ၂၈-၄-၂၀၂၆ ရက်တွင် စီချွမ်းနိုင်ငံခြားဘာသာတက္ကသိုလ်၌ သွားရောက်တွေ့ဆုံခဲ့ပါသည်။
ထိုကဲ့သို့ တွေ့ဆုံဆွေးနွေးရာတွင် မြန်မာနိုင်ငံနှင့် စီချွမ်းနိုင်ငံခြားဘာသာတက္ကသိုလ် အကြား ပညာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်နိုင်မည့်ကိစ္စရပ်၊ စီချွမ်းနိုင်ငံခြားဘာသာ တက္ကသိုလ်နှင့် ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်အကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးရေးနိုင် ရေးကိစ္စရပ်၊ စီချွမ်းနိုင်ငံခြားဘာသာတက္ကသိုလ်နှင့် မြန်မာနိုင်ငံရှိ သက်ဆိုင်ရာ တက္ကသိုလ်များ အကြား ဆရာ/ ဆရာမများ အပြန်အလှန် စေလွှတ်သင်ကြားနိုင်ရေးကိစ္စရပ်နှင့် ကျောင်းသား/ ကျောင်းသူများအကြား ဘာသာရပ်နှင့် ယဉ်ကျေးမှုများ အပြန်အလှန်လေ့လာသင်ယူနိုင်ရေးကိစ္စ ရပ်များကို ဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် စီချွမ်းနိုင်ငံခြားဘာသာတက္ကသိုလ် မြန်မာစာဌာနသို့ သွားရောက်၍ တာဝန်ရှိသူများ၊ ကျောင်းသား/ ကျောင်းသူများနှင့် တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံ အကြောင်းမိတ်ဆက်ပြောကြားခဲ့ပါသည်။
Consul General U Kyaw Zay Yar Lin meets with President of Sichuan International Studies University, Mr. Zhu Chaowei
(28-4-2026, Chongqing)
The Consul General of the Republic of the Union of Myanmar in Chongqing, U Kyaw Zay Yar Lin, paid a visit and met with Mr. Zhu Chaowei, President of Sichuan International Studies University (SISU), in Chongqing Municipality on 28 April 2026 at Sichuan International Studies University.
During the meeting, both sides discussed matters relating to potential cooperation in the education sector between Myanmar and Sichuan International Studies University. The discussions also included the possibility of signing a Memorandum of Understanding (MoU) between Sichuan International Studies University and the University of Foreign Languages in Yangon, arrangements for the mutual exchange of faculty members between SISU and relevant universities in Myanmar, and opportunities for students from both sides to engage in reciprocal academic and cultural studies.
Following the meeting, the Consul General visited the Myanmar Language Department at Sichuan International Studies University, where he met with responsible officials as well as students. He also delivered a presentation introducing Myanmar and its culture.
Contact Us
Address
2805/2806, World Financial Center, No.188 Minzu Road, Yuzhong District, Chongqing.
Phone
(86) (023) 86562808, 86562779
Fax
(86)(023)86562887



