
ကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်း အနောက်တောင်တက္ကသိုလ်၏ (၁၇) ကြိမ်မြောက် နိုင်ငံတကာယဉ်ကျေးမှုပွဲတော်သို့ တက်ရောက်ခဲ့ခြင်း (၂၇-၄-၂၀၂၅၊ ချုံချင့်)
မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချုံချင့်မြို့မှ ကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းသည် ၂၇-၄-၂၀၂၅ ရက်တွင် ချုံချင့်မြို့ရှိ အနောက်တောင်တက္ကသိုလ်၌ ကျင်းပပြုလုပ်သည့် အနောက် တောင်တက္ကသိုလ်၏ (၁၇) ကြိမ်မြောက် နိုင်ငံတကာယဉ်ကျေးမှုပွဲတော်သို့ တက်ရောက်ခဲ့ပါ သည်။ အဆိုပါနိုင်ငံတကာယဉ်ကျေးမှုပွဲတော်ကို ချုံချင့်မြူနီစီပယ်အစိုးရ တာဝန်ရှိသူများ၊ ချုံချင့် မြို့ နိုင်ငံခြားရေးရာဌာနမှ တာဝန်ရှိသူများနှင့် အနောက်တောင်တက္ကသိုလ်မှ တာဝန်ရှိသူများက ဖွင့်လှစ်ပေးခဲ့ပြီး တက္ကသိုလ်ရှိ နိုင်ငံတကာပညာသင် ကျောင်သား/ ကျောင်းသူများမှ နိုင်ငံ အလိုက် ယဉ်ကျေးမှုပြခန်းများ ဖွင့်လှစ်ပြသခဲ့ပါသည်။ ကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်း သည် အနောက်တောင်တက္ကသိုလ်၌ တက်ရောက်ပညာသင်ကြားလျက်ရှိသော မြန်မာပညာတော် သင် ကျောင်းသားကျောင်းသူများမှ အဆိုပါနိုင်ငံတကာယဉ်ကျေးမှုပွဲတော်တွင် ခင်ကျင်းပြသထား သည့် မြန်မာယဉ်ကျေးမှုပြခန်းအား သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရပါသည်။
Contact Us
Address
2805/2806, World Financial Center, No.188 Minzu Road, Yuzhong District, Chongqing.
Phone
(86) (023) 86562808, 86562779
Fax
(86)(023)86562887